အကြံပြုထားသော အဆင့်များ
YuMuuv တွက်ချက်နည်းကို ဘယ်သူက တက်တက်ကြွကြွ လှုပ်ရှားနေသလဲဆိုတာ သိနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အားကစားစွမ်းရည် အလွန်ကောင်းသူကို ရှာဖွေဖို့တော့ မဟုတ်ပါဘူး (ဒီနှစ်ချက်က ဆက်စပ်နေနိုင်ပေမဲ့လည်း)။
- ၁၀၀%+ = စံပြလောက်အောင် တက်ကြွလှုပ်ရှားသူ – တက်ကြွတဲ့ နေထိုင်မှုပုံစံကို အလွန်နှစ်သက်ပြီး တန်ဖိုးထားသူဖြစ်လို့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုကနေ ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အပြည့်အဝ ရရှိနေသူပါ။
- ၈၅-၉၉% = တက်တက်ကြွကြွ သွားလာလှုပ်ရှားသူ – လှုပ်လှုပ်ရှားရှား နေထိုင်ဖို့ အလေးထားပြီး လှုပ်ရှားမှုရဲ့ ကောင်းကျိုးတွေကို တစ်စိတ်တစ်ပိုင်း ရရှိနေသူပါ။
- ၇၀-၈၄% = လုံလောက်စွာ တက်ကြွလှုပ်ရှားသူ – ကိုယ်လက်လှုပ်ရှားမှုရဲ့ အကျိုးကျေးဇူးတွေကို အတိုင်းအတာတစ်ခုအထိ ရရှိဖို့ လုံလောက်အောင် လှုပ်ရှားနေသူဖြစ်ပြီး လှုပ်ရှားမှုကို တိုးမြှင့်ခြင်းဖြင့် ကောင်းကျိုးတွေ ပိုရနိုင်သေးသူပါ။
- ၅၅-၆၉% = အသင့်အတင့် တက်ကြွလှုပ်ရှားသူ – ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်ရှိသူဖြစ်ပြီး လှုပ်ရှားမှုကို တိုးမြှင့်လိုက်ရင် ကျန်းမာရေး တိုးတက်မှုရလဒ်တွေကို သိသိသာသာ ပိုမိုရရှိနိုင်သူပါ။
- ၄၀-၅၄% = လှုပ်ရှားမှု နည်းပါးသူ – ဘဝမှာ ကိုယ်လက်လှုပ်ရှားမှုကို ဦးစားပေးလေ့မရှိသူဖြစ်လို့ လုံလောက်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကနေ ရနိုင်တဲ့ ဘဝအရည်အသွေးအပေါ် ကောင်းကျိုးတွေကို မရရှိသေးသူပါ။
- ၂၅-၃၉% = ကျန်းမာရေးအန္တရာယ်ရှိလောက်အောင် လှုပ်ရှားမှုနည်းသူ – ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုကြောင့် ယာယီ လှုပ်ရှားမှုနည်းနေတာဖြစ်နိုင်သလို၊ လှုပ်ရှားမှုနည်းပါးတာကြောင့် ကျန်းမာရေးအန္တရာယ် မြင့်မားနေသူလည်း ဖြစ်နိုင်ပါတယ်။
* ဒီသုံးသပ်ချက်တွေဟာ တိုင်းတာချက် ၃ မျိုးလုံးကို တိုင်းတာပေးတဲ့ ကိရိယာကို နေ့စဉ် ဝတ်ဆင်ထားမှသာ အကျုံးဝင်ပါတယ်
ကိုယ်လက်လှုပ်ရှားမှု တိုင်းတာခြင်းအကြောင်း အသေးစိတ်ကို ကျွန်ုပ်တို့ရဲ့ ဘလော့ဂ်မှာ ဖတ်ရှုနိုင်ပါတယ်။