စိန်ခေါ်မှုစာရင်း မြင်ကွင်း
အက်ပ်ထဲရှိ ယခင်၊ လက်ရှိနှင့် လာမည့် စိန်ခေါ်မှုများ
စိန်ခေါ်မှုများ စာမျက်နှာ၏ ညာဘက်အပေါ်ထောင့်တွင် ပြသမည့် စိန်ခေါ်မှုများ၏ ကာလ ကို ယခင် မှ လာမည့်အထိ ပြောင်းနိုင်ပါတယ်။ အောက်တွင် ရွေးထားသည့်ကာလအတွင်းရှိ စိန်ခေါ်မှုစာရင်းကို တွေ့ရပါမယ်။
စိန်ခေါ်မှုတွင် ပါဝင်ခြင်း/ထွက်ခြင်း
ကုမ္ပဏီက အလိုအလျောက် ပါဝင်စေသည့် လုပ်ဆောင်ချက်ကို ဖွင့်ထားလျှင် အသုံးပြုသူအားလုံးသည် အကောင့်ဖွင့်ပြီးသည်နှင့် စိန်ခေါ်မှုတွင် အလိုအလျောက် ပါဝင်သွားပါမယ်။ ထိုလုပ်ဆောင်ချက်ကို ပိတ်ထားလျှင်တော့ စိန်ခေါ်မှုတွင် ကိုယ်တိုင် ဝင်ရောက်ပါဝင်ရပါမယ်။
စိန်ခေါ်မှုတွင် ပါဝင်ရန် ပါဝင်မည် ကို နှိပ်ပါ။ ထို့နောက် စိန်ခေါ်မှုတွင် ပါဝင်နေပြီ ဖြစ်ပါတယ်။
တစ်မနက်မှာ စိတ်ပြောင်းသွားလျှင် ... ခလုတ်ကို နှိပ်ပြီး စိန်ခေါ်မှုမှ ထွက်မည် ကို ရွေးကာ စိန်ခေါ်မှုမှ ထွက်နိုင်ပါတယ်။
သီးသန့်နှင့် အဖွဲ့အစည်း စိန်ခေါ်မှုများ
အဖွဲ့အစည်း တက်ဘ်တွင် သင့်အဖွဲ့အစည်းက ဖန်တီးထားသည့် စိန်ခေါ်မှုများကို တွေ့ရပါမယ်။ သီးသန့် တက်ဘ်တွင် သင်ကိုယ်တိုင် ဖန်တီးထားသည့် စိန်ခေါ်မှုများအပြင် အခြားအသုံးပြုသူများက ဖန်တီးထားပြီး သင်ပါဝင်နေသည့် သီးသန့်စိန်ခေါ်မှုများကိုလည်း တွေ့ရပါမယ်။
ကျွန်ုပ်တို့အက်ပ်ထဲတွင် စိန်ခေါ်မှုများကို ကြည့်ရှုရာ၌ အခက်အခဲရှိပါက ကျွန်ုပ်တို့ထံ တိုက်ရိုက် ဆက်သွယ်ပါ။